Volunteer Awaeness Plan on Mpox in Myanmar Language.pptx

infosimplythebestfas 8 views 37 slides Sep 20, 2025
Slide 1
Slide 1 of 37
Slide 1
1
Slide 2
2
Slide 3
3
Slide 4
4
Slide 5
5
Slide 6
6
Slide 7
7
Slide 8
8
Slide 9
9
Slide 10
10
Slide 11
11
Slide 12
12
Slide 13
13
Slide 14
14
Slide 15
15
Slide 16
16
Slide 17
17
Slide 18
18
Slide 19
19
Slide 20
20
Slide 21
21
Slide 22
22
Slide 23
23
Slide 24
24
Slide 25
25
Slide 26
26
Slide 27
27
Slide 28
28
Slide 29
29
Slide 30
30
Slide 31
31
Slide 32
32
Slide 33
33
Slide 34
34
Slide 35
35
Slide 36
36
Slide 37
37

About This Presentation

Healthcare and First Aid Knowledge on Mpox in Myanmar Language.


Slide Content

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ လက္ခဏာများ ၃ အကြောင်းရင်းများ ၄ ဖြစ်နိုင်ခြေများ ၅ အဖြေရှာခြင်း နှင့် ကုသမှု ၆ အတူယှဉ်တွဲနေထိုင်မှု ၇ ရှေးဦးပြုစုနည်းပညာ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE VOLUNTEER AWARENESS PLAN ကြက်ခြေနီတပ်ဖွဲ့ဝင်အသိပညာပေး အစီအစဉ် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ လက္ခဏာများ ၃ အကြောင်းရင်းများ ၄ ဖြစ်နိုင်ခြေများ ၅ အဖြေရှာခြင်း နှင့် ကုသမှု ၆ အတူယှဉ်တွဲနေထိုင်မှု ၇ ရှေးဦးပြုစုနည်းပညာ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE VOLUNTEER AWARENESS PLAN ကြက်ခြေနီတပ်ဖွဲ့ဝင်အသိပညာပေး အစီအစဉ် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် Monkeypox ( Mpox ) ( မျောက်ကျောက်ရောဂါ) က ဘာလဲ မျောက်ကျောက် ( Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုး လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွား VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁. ၁ ဘယ်နေရာတွေမှာ တွေ့နိုင်သလဲ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး သယ်ဆောင်တဲ့ တိရစ္ဆာန်များကျက်စားရာ အပူပိုင်းမိုးသစ်တော ရာသီဥတုရှိသည့် အာဖရိကအလယ်ပိုင်း နှင့် အနောက်ပိုင်းဒေသတွေမှာ အတွေ့များပါသည်။ အခြားသောနိုင်ငံများမှ မျောက်ကျောက်ရောဂါဖြစ်ပွားသူများသည် ၎င်းရောဂါ အဖြစ်များသော အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသ‌များသို့ သွားရောက်ခဲ့ခြင်းရှိသည်ကို တွေ့ရှိရတတ်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁. ၂ လက္ခဏာတွေက ဘာတွေလဲ ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် ( Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်း တို့ကို အများစုတွေ့ရတတ်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁. ၂ လက္ခဏာတွေက ဘာတွေလဲ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အ‌ရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁. ၂ လက္ခဏာတွေက ဘာတွေလဲ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပါသည်။ အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။ အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁. ၂ လက္ခဏာတွေက ဘာတွေလဲ သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူပါ။ သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ကျန်းမာရေးဝန်ထမ်းများကို အသိပေးပါ။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ လက္ခဏာများ ၃ အကြောင်းရင်းများ ၄ ဖြစ်နိုင်ခြေများ ၅ အဖြေရှာခြင်း နှင့် ကုသမှု ၆ အတူယှဉ်တွဲနေထိုင်မှု ၇ ရှေးဦးပြုစုနည်းပညာ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE VOLUNTEER AWARENESS PLAN ကြက်ခြေနီတပ်ဖွဲ့ဝင်အသိပညာပေး အစီအစဉ် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ လက္ခဏာများ ၃ အကြောင်းရင်းများ ၄ ဖြစ်နိုင်ခြေများ ၅ အဖြေရှာခြင်း နှင့် ကုသမှု ၆ အတူယှဉ်တွဲနေထိုင်မှု ၇ ရှေးဦးပြုစုနည်းပညာ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE VOLUNTEER AWARENESS PLAN ကြက်ခြေနီတပ်ဖွဲ့ဝင်အသိပညာပေး အစီအစဉ် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ

၃ မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလား လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ‌ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၃ မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလား မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ လတ်တလောကာလတွင် ရောဂါဖြစ်ပွားမှုများသော တိုင်းပြည်များ၏ သတင်းပို့လူနာများအနက် (၃-၆) ရာခိုင်နှုန်းအထိ သေဆုံးနေပြီး ရောဂါအခံရှိသူများနှင့် ကလေးငယ်များ သေဆုံးခြင်းကို မကြာခဏတွေ့ရှိရပါသည်။ ရောဂါဖြစ်ပွားမှုများသည့်တိုင်းပြည်များ၏ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်သည် လိုအပ်ချက် အကန့်အသတ်ရှိသည့်အတွက် ယခုဖြစ်ပွားနှုန်းများသည် ပိုမိုတွက်ချက်ခန့်မှန်းထားခြင်းလည်း ဖြစ်နိုင်သည်ကို သတိပြုထားသင့်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ လက္ခဏာများ ၃ အကြောင်းရင်းများ ၄ ဖြစ်နိုင်ခြေများ ၅ အဖြေရှာခြင်း နှင့် ကုသမှု ၆ အတူယှဉ်တွဲနေထိုင်မှု ၇ ရှေးဦးပြုစုနည်းပညာ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE VOLUNTEER AWARENESS PLAN ကြက်ခြေနီတပ်ဖွဲ့ဝင်အသိပညာပေး အစီအစဉ် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ

၄ မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ ဘယ်လိုကူးစက်စေတာလဲ မျောက်ကျောက်ရောဂါသည် ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ခြင်းမှ လူသို့ ကူးစက်စေပါသည်။ ရှဉ့်၊ ကြွက်စသည့် ရှေ့သွားဖြင့်ကိုက်ဖြတ်တတ်သော တိရိစ္ဆာန်များနှင့် အဆင့်မြင့်နို့တိုက် သတ္တဝါများ (လူ၊ လူဝံ၊ မျောက်စသည်) တို့သည် ရောဂါပိုး လက်ခံသယ်ဆောင်သူများဖြစ်ပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်ပွားခံရမှုမှ လျော့ချနိုင်ရန်အတွက် သေဆုံးနေသော တိရစ္ဆာန်များ (၎င်းတို့၏ အသွေးအသား အပါအဝင်) နှင့် ဖျားနာနေသော တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများသည့် တိုင်းပြည်များတွင် တိရစ္ဆာန်များ၏ အသား သို့မဟုတ် အခြားအစိတ်အပိုင်းများကို သေချာစွာ ကျက်အောင်ချက်ပြုတ် စားသောက်သင့်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ မျောက်ကျောက်ရောဂါသည် လူတစ်ဦးမှ အခြားတစ်ဦးသို့ မည်သို့ကူးစက်ပျံ့နှံ့ သနည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့် လူတစ်ဦးသည် ရောဂါလက္ခဏာခံစားနေရချိန် (ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်အတွင်း) တွင် အခြားသူကို ကူးစက်စေနိုင်ပါသည်။ ရောဂါလက္ခဏာခံစားနေသည့်သူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ရောဂါကူးစက်ခံရနိုင်ပါသည်။ အထူးသဖြင့် အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ (အရည်ပြား အဖုအပိန့်မှ ထွက်သောအရည်၊ ပြည် သို့မဟုတ် သွေး) နှင့် အနာဖေးများမှတဆင့် ကူးစက်စေပါသည်။ ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးသော ဗိုင်းရပ်စ်ကပ်ညိနေသည့် အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ သို့မဟုတ် စားသောက်ရာတွင် သုံးသည့်ပစ္စည်းများ၊ ပန်းကန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့်လည်း အခြားသူဆီသို့ ကူးစက်စေပါသည်။ ခံတွင်းတွင်ရှိသော အနာများ၊ ပြည်တည်နာများမှတစ်ဆင့်လည်း ကူးစက်စေပါသည်။ ဆိုလိုသည်မှာ ရောဂါပိုးသည် တံတွေးမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့ လေ့ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ အတူနေမိသားစုဝင်များနှင့် ၎င်း၏ လိင်ဆက်ဆံဖက်တို့သည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ (သို့) မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင် လည်းကောင်း၊ ရောဂါကူးစက်ခံထားရသည့် မိဘများမှ ကလေးသို့ အရေပြားချင်း ထိတွေ့ခြင်းတို့မှ လည်းကောင်း ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။ ရောဂါလက္ခဏာ ပြသခြင်းမရှိသည့်သူများမှ ကူးစက်စေခြင်း ရှိ၊မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ ဘယ်သူတွေမှာ မျောက်ကျောက်ရောဂါကူးစက်ခံရနိုင်ခြေပိုများပါသလဲ မည်သူမဆို မျောက်ကျောက်ရောဂါ လက္ခဏာများခံစားနေရသည့် လူများနှင့် အနီးကပ်ကိုင်တွယ်ထိတွေ့ခြင်း သို့မဟုတ် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်များအား ကိုင်တွယ်ထိတွေ့ခြင်းရှိသူများသည် ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးဖြစ်ပါသည်။ ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူများသည် မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်ပါသည်။ ကျောက်ကြီးရောဂါပပျောက်သွားသည့် (၁၉၈၀) ခုနှစ် နောက်ပိုင်းတွင် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းသည် ရပ်နားထားခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် ငယ်ရွယ်သူများသည် ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိမနေပါ။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသောကြောင့် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုမှ အကာအကွယ်အချို့ရရှိနေသော်လည်း ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ ကူးစက်ခံရမှုမရှိအောင် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားသင့်ပါသည်။ မွေးကင်းစကလေးများ၊ ကလေးသူငယ်များနှင့် ခုခံအားကျဆင်းနေသူများတွင် မျောက်ကျောက်ရောဂါကြောင့် ပြင်းထန်သည့် ရောဂါလက္ခဏာများခံစားရနိုင်ပြီး သေဆုံးနိုင်ချေပိုများပါသည်။ ကျန်းမာရေးဝန်ထမ်းများသည်လည်း ရောဂါပိုးနှင့် အချိန်ကြာမြင့်စွာ ထိတွေ့နိုင်သည့်အတွက်ကြောင့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုမို မြင့်မားပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ မိမိကိုယ်တိုင်နှင့် အခြားသူများကို ဘယ်လို ကာကွယ်မလဲ သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါသည်။ အကယ်၍ သင်ကိုယ်တိုင်သည် ကျန်းမာရေးဝန်ထမ်း သို့မဟုတ် အတူနေမိသားစုဝင်ဖြစ်ပြီး မျောက်ကျောက်ရောဂါလူနာကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင် ရောဂါဖြစ်ပွားနေသူကို သီးခြား နေထိုင်စေခြင်းနှင့် ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ဖုံးအုပ်ခြင်း (ဥပမာ- အဖုအပိန့်များကို ဖုံးသော အဝတ်အစားများ ဝတ်ဆင်ခြင်း) တို့ကို လုပ်ဆောင်ရန် အားပေးပါ။ ချောင်းဆိုးနေသော သို့မဟုတ် ပါးစပ်တွင် အနာရှိသော လူနာများနှင့် နီးကပ်စွာရှိနေပါက ၎င်းတို့ကို ဆေးရုံသုံးနှာခေါင်းစည်း ( Mask) တပ်ဆင်ထားစေပါ။ သင်ကိုယ်တိုင်လည်း နှာခေါင်းစည်း တပ်ဆင်ထားပါ။ သင့်အနေဖြင့် ဖြစ်နိုင်ပါက အရေပြားခြင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ပြီး အကယ်၍ အရေပြားအဖုအပိန့်များကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင်လည်း တစ်ခါသုံး လက်အိတ်များကို အသုံးပြုပြီး ကိုင်တွယ်ပါ။ လူနာများကိုယ်တိုင် အဝတ်အစားဝတ်ခြင်း သို့မဟုတ် အိပ်ယာခင်းခြင်း၊ ပြင်ဆင်ခြင်းတို့ကို မလုပ်ဆောင်နိုင်၍ မိမိက ကိုင်တွယ်ပေးရမည်ဆိုပါက နှာခေါင်းစည်း ( Mask) တပ်ဆင်ပါ။ ရောဂါဖြစ်ပွားနေသူမှတစ်ဆင့် ရောဂါပိုးများကပ်ညှိနေနိုင်သည့် အဝတ်အစားများ၊ အိပ်ယာခင်းများ မျက်နှာသုတ်ပုဝါများနှင့် ၎င်းတို့ထိတွေ့ခဲ့သော အရာဝတ္ထုများ သို့မဟုတ် ၎င်းတို့၏ အရေပြား အဖုအပိန့်များ သို့မဟုတ် အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အစက်အမှုန်များနှင့် ထိတွေ့ခဲ့သည်ဟု ယူဆရသော အရာများ (ဥပမာ- စားသောက်ခန်းသုံးပစ္စည်းများ၊ ပန်းကန်များ)ကို ထိတွေ့ကိုင်တွယ်ပြီးလျှင် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောပါ။ လူနာ၏ အဝတ်အစား၊ မျက်နာသုတ်ပုဝါ၊ အိပ်ယာခင်း နှင့် စားသောက်သည့်အခါ သုံးစွဲသည့် အသုံးအဆောင်များ၊ ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွတ်ပါ။ ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ပိုးသတ်ပြီး သန့်ရှင်းအောင် ထားပါ။ ရောဂါပိုး ကပ်ညှိနေနိင်သည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အနာဆေးထည့်သည့်ဂွမ်း) စသည်တို့ကိုလည်း စနစ်တကျ စွန့်ပစ်ပါ။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ ကလေးငယ်များ မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်လား ကလေးငယ်များသည် လူငယ်လူရွယ်များနှင့် လူကြီးများထက် ရောဂါလက္ခဏာ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။ ရောဂါပိုးသည် သန္ဓေသား သို့မဟုတ် မွေးကင်းစ ကလေးငယ်မွေးဖွားသည့်အချိန် သို့မဟုတ် မွေးကင်းစကလေးငယ်များအား ကနဦး ကိုင်တွယ်ထိတွေ့ခြင်းစသည်တို့မှ ကူးစက်နိုင်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ မိမိကိုယ်တိုင် မျောက်ကျောက်ရောဂါခံစားနေရသည်ဟု သံသယရှိပါက ဘာတွေလုပ်ဆောင်သင့်ပါသလဲ သင်ကိုယ်တိုင် ရောဂါလက္ခဏာခံစားနေရခြင်း သို့မဟုတ် မျောက်ကျောက်ရောဂါဖြစ်နေသော လူတစ်ယောက်နှင့် ကိုင်တွယ်ထိတွေ့ခဲ့သည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းထံမှ အကူအညီတောင်းခံပြီး ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ဆေးကုသမှုခံယူပါ။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် သီးခြားနေထိုင်ခြင်းနှင့် အခြားသူများကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ လက်ကို ပုံမှန်ဆေးကြောပြီး အခြားသူများကို ရောဂါမကူးစက်အောင် ကာကွယ်နိုင်ရန် အထက်ဖော်ပြပါ အချက်များကို လိုက်နာ ဆောင်ရွက်ပါ။ ကျန်းမာရေးဝန်ထမ်းက သင့်ထံမှ ဓါတ်ခွဲစမ်းသပ်ရန်အတွက် နမူနာယူမည်ဖြစ်သောကြောင့် သင့်အနေဖြင့် လိုအပ်သော ကုသမှု၊ ခံယူမှု ရရှိနိုင်မည်ဖြစ်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရှိသလား ကျောက်ကြီးရောဂါ ( smallpox) ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။ ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး ( MVA-BN, Imvamune , Imvanex of Jyynneo ) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ၎င်းကာကွယ်ဆေးကို ပိုမိုအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသူများမှာ မျောက်ကျောက်ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်မှု တချို့ရနိုင်ပါသည်။ မူလပထမ ကျောက်ကြီးရောဂါကာကွယ်ဆေးသည် ယခုအချိန်တွင် ပြည်သူများအား ထိုးနှံနိုင်မှုမရှိတော့သလို၊ ကမ္ဘာပေါ်တွင် ပထမဆုံးပပျောက်သွားသည့် ရောဂါဖြစ်သည့်အလျောက်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို ၁၉၈၀ ခုနှစ်နောက်ပိုင်း အချိန်မှစ၍ ရပ်နားလိုက်သည့်အတွက်၊ အသက် (၄၀-၅၀) နှစ်အောက် လူများတွင်လည်း ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ခြင်းမရှိပါ။ ဓါတ်ခွဲဝန်ထမ်းတချို့ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် မကြာသေးမှီက ထုတ်လုပ်ထားသည့် ကျောက်ကြီးရောဂါကာကွယ်ဆေးအား ထိုးနှံထားပြီးဖြစ်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ မျောက်ကျောက်ရောဂါကုသနိုင်သည့် ဆေးရှိသလား မျောက်ကျောက်ရောဂါလက္ခဏာတွေဟာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါသည်။ ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ခြောက်သွေ့အောင်ထားခြင်း သို့မဟုတ် လိုအပ်ပါက အနာများကို ဆေးထည့်ပေးခြင်းဖြင့်တို့ကလည်း အရေးကြီးပါသည်။ ပါးစပ်ထဲ သို့မဟုတ် မျက်လုံးထဲမှ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။ ပြင်းထန်သောလူနာများတွင် ကာကွယ်ဆေးထိုးခြင်းမှ ပေါ်ထွက်လာသော ပဋိပစ္စည်း ပရိုတိန်းတစ်မျိုး ( Vaccinia immune globulin –VIG) ကို အသုံးပြုဖို့ ထောက်ခံချက်ပေးထားပါသည်။ ကျောက်ကြီးရောဂါကုသရာတွင် အသုံးပြုသည့် ဆေးတစ်မျိုး ( Tecovirimat, TPOXX) ကို မျောက်ကျောက်ရောဂါကုသရာတွင် အသုံးပြုရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုခဲ့ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ လက်ရှိကမ္ဘာမှာ မျောက်ကျောက်ရောဂါ အန္တရာယ်ရှိနိုင်သည့်နေရာက ဘယ်မှာလဲ ၁၉၇၀ ခုနှစ်မှစ၍ ဖော်ပြပါ အာဖရိကနိုင်ငံ (၁၁) နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုရှိသည်ကို အချက်အလက်များအရ သိရှိခဲ့ပါသည်။ ၎င်းတို့မှာ (ဘီနင်၊ ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဂါဘွန်၊ ကော့ဒီအိုင်ဗွိုင်ယာ၊ လိုက်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆီရာရာလီယွန် နှင့် တောင်ဆူဒန်) တို့ဖြစ်သည်။ မျောက်ကျောက်‌ရောဂါ ဖြစ်ပွားမှုနည်းသည့်နိုင်ငံများတွင်လည်း ရံဖန်ရံခါ ၎င်းရောဂါဖြစ်ပွားလေ့ရှိသည်ကို တွေ့ရတတ်ပါသည်။ ၎င်းတို့သည် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံများသို့ ခရီးသွားရောက်ခဲ့ခြင်းရှိသည်ကို ပုံမှန်အားဖြင့်တွေ့ရလေ့ရှိသည်။ ယခင်ကဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက်ရောဂါဖြစ်ပွားမှုတစ်ခုမှာ ပြည်ပမှတင်သွင်းလာသော နို့တိုက်သတ္တဝါငယ်များမှတစ်ဆင့် ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် မေလမှစ၍ ရောဂါဖြစ်ပွားမှုနည်းသည့် နိုင်ငံအများအပြားတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများလာသည်ကို တွေ့ရှိခဲ့ပါသည်။ ယခုဖြစ်ပွားမှုသည် မျောက်ကျောက်ရောဂါ၏ ယခင်ဖြစ်ပွားလေ့ရှိသည့်ပုံစံနှင့် မတူသည်ကိုတွေ့ရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ရောဂါဖြစ်ပွားနေသည့် နိုင်ငံများနှင့်ပူးပေါင်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး၊ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန်နှင့် ရောဂါပိုးရှိသူအား မည်ကဲ့သို့ ပြုစုစောင့်ရှောက်ရမည့် လမ်းညွှန်ချက်များကို ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ နိုင်ငံအများအပြားတွင် ၂၀၂၂ ခုနှစ် မေလမှ စတင်၍ တွေ့ရှိသော မျောက်ကျောက်ရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဘာတွေသိထားလဲ? ယခင်က မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနည်းသည့်နိုင်ငံ အများအပြားသည် ၂၀၂၂ ခုနှစ် မေလမှ စတင်၍ ရောဂါဖြစ်ပွားမှုများကို စတင်သတင်းပေးပို့ခဲ့သည်။ ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့အထိ ရောဂါဖြစ်ပွားမှုနည်းသည့် (၁၀) နိုင်ငံနှင့်အထက်သည် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေမှုအား ဆက်လက် သတင်းပေးပို့ခဲ့ပါသည်။ ထပ်မံဖြစ်ပွားသူများကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိပါသည်။ နောက်ဆုံးရသတင်း အချက်အလက်များအတွက် ကျေးဇူးပြု၍ ဤနေရာတွင် here လေ့လာနိုင်ပါသည်။ ယခင်က မျောက်ကျောက်ရောဂါဖြစ်ပွားမှုနည်းသည့်နိုင်ငံများတွင် ၎င်းရောဂါ ကူးစက်ခံရသူများသည် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံများသို့ ခရီးသွားထားသည့် ရာဇဝင်နှင့် အမြဲလိုလို ဆက်စပ်မှုရှိပါသည်။ လက်ရှိအချိန် ၂၀၂၂ ခုနှစ်တွင် ရောဂါကူးစက်ခံရသူများနှင့် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံသို့ ခရီးသွားလာခြင်းတို့မှာ သိသာရှင်းလင်းသော ဆက်စပ်မှုမရှိသကဲ့သို့ ရောဂါကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့်လည်း ဆက်စပ်မှုမရှိပါ။ ဤရောဂါဖြစ်ပွားမှုကြောင့် လူအများ (အထူးသဖြင့် မိမိတို့၏ ချစ်ခင်ရသူများထဲတွင် ရောဂါခံစားနေရသူတို့) သည် စိုးရိမ်မကင်းဖြစ်ပေါ်နေကြသည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ ယခုအချိန်တွင် အရေးကြီးဆုံး လုပ်ဆောင်ရမည့်အချက်မှာ ကူးစက်နိုင်ခြေ အများဆုံးရှိသူများအား မျောက်ကျောက်ရောဂါအကြောင်းကို ပိုမိုသိရှိလာစေရန် အသိပညာပေးခြင်းနှင့် လူများကြားတွင် နောက်ထပ် ပြန့်ပွားမှုအား မည်သို့လျော့ချရမည်ကို အကြံဉာဏ်များ ပေးရန်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၏ လူနာသစ်များကို ရှာဖွေဖေါ်ထုတ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းသည် အရေးကြီးပါသည်။ ဤမျောက်ကျောက်ရောဂါကြောင့် ထိခိုက်နစ်နာသူ မည်သူကိုမျှ နှိမ့်ချဆက်ဆံ၊ ကဲ့ရဲ့ပြစ်တင်ခြင်း မပြုရန် မဖြစ်မနေ အရေးကြီးပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မျောက်ကျောက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ပံ့ပိုးကူညီရန် လုပ်ဆောင်လျက်ရှိသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ ပိုမိုကျယ်ပြန့်ကြီးမားတဲ့ အစုလိုက်အပြုံလိုက်ရောဂါဖြစ်ပွားနိုင်သော အန္တရာယ်ရှိပါသလား မျောက်ကျောက်ရောဂါသည် လူတို့အကြားတွင် ကူးစက်ပျံ့နှံ့ရန်အတွက် ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံရန် လိုအပ်သောကြောင့် (ဥပမာ-အရေပြားခြင်းထိတွေ့ခြင်း လိုအပ်သောကြောင့်) ကူးစက်နိုင်ခြေ အလွန်မြင့်မားသည်ဟု မယူဆပါ။ အများပြည်သူအတွက် ကူးစက်နိုင်သောအန္တရာယ် နည်းပါးပါသည်။ မျောက်ကျောက်ရောဂါကို ဦးစားပေးရောဂါပိုးတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်ပေါင်းများစွာကတည်းက သတ်မှတ်ထားပြီး ယခုဖြစ်ပေါ်နေသော ကူးစက်ပြန့်ပွားမှုကိုလည်း အရေးကြီး ဦးစားပေး အခြေအနေအဖြစ် တုံ့ပြန်ဆောင်ရွက်နေပါသည်။ နောက်ထပ် ဆက်လက်ပြန့်ပွားမှုမရှိစေရန်လည်း လုပ်ဆောင်လျှက်ရှိပါသည်။ ယခုတွေ့မြင်နေရသည့် မျောက်ကျောက်ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားမှုများမှာ ရောဂါဖြစ်ပွားမှုများသော နိုင်ငံများသို့ ခရီးသွားလာမှု သို့မဟုတ် အဆိုပါနိုင်ငံများမှ တိရစ္ဆာန်များ တင်သွင်းမှု စသည့်အခြေအနေများ မရှိခြင်းကြောင့် မျောက်ကျောက်ရောဂါ၏ ပုံမှန်ဖြစ်ပေါ်နေကျ ကူးစက်ပြန့်ပွားမှု အခြေအနေမဟုတ်ပါ။ ဗိုင်းရပ်စ်ပိုး မည်ကဲ့သို့ ပြန့်ပွားလာခြင်းနှင့် လူအများပိုမိုကူးစက်ခြင်းမှ ကာကွယ်ရန်တို့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် ဦးစားပေးဖြစ်ပါသည်။ ဤအခြေအနေအသစ်နှင့်ပတ်သက်၍ လူထုအားအသိပညာပေးခြင်းသည် နောက်ထပ်ကူးစက်မှုကို ရပ်တန့်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ မျောက်ကျောက်ရောဂါပိုးသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ပါသလား မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုအပါအဝင် လူတစ်ဦးမှတစ်ဦး အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှ ကူးစက်နိုင်ပါသည်။ မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုလမ်းကြောင်း (သုတ်ရည် သို့မဟုတ် မိန်းမကိုယ်အရည်) မှတစ်ဆင့် ကူးစက်နိုင်ခြင်း ရှိ/မရှိ ဆိုသည်ကို လတ်တလောအချိန်တွင် မသိနိုင်သေးသော်လည်း လိင်ဆက်ဆံစဉ်အတွင်း ခန္ဓာကိုယ်ရှိအနာနှင့် အရေပြားကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးကို ကူးစက်စေနိုင်ပါသည်။ မျောက်ကျောက်ရောဂါကြောင့်ဖြစ်ပေါ်သော အနီကွက်များသည် လိင်အင်္ဂါနှင့် ပါးစပ်တို့တွင် တစ်ခါတစ်ရံ တွေ့ရတတ်ပြီး ၎င်းမှတစ်ဆင့် လိင်ဆက်ဆံစဉ်အတွင်း ကူးစက်စေသည်ဟု ယူဆရသည်။ ထို့ကြောင့် ပါးစပ် သို့မဟုတ် အရေပြားအနာများရှိသောနေရာတွင် ပါးစပ်နှင့်အရေပြားထိတွေ့မှုသည် ရောဂါကို ကူးစက်ပျံ့ပွား စေပါသည်။ မျောက်ကျောက်အဖုအပိန့်များသည် ရေယုန်၊ ဆစ်ဖလစ်အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါအချို့နှင့် ဆင်တူနိုင်သည်။ ထို့ကြောင့် လတ်တလောဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါ ဝေဒနာရှင် အတော်များများကို လိင်မှုဆိုင်ရာကျန်းမာရေးဆေးခန်းများတွင် ကုသမှုလာရောက်ခံယူသော အမျိုးသားများကြားတွင် တွေ့ရှိနေရခြင်းဖြစ်သည်။ လိင်မှုပိုင်းဆိုင်ရာတက်ကြွသူများ သို့မဟုတ် လိင်တူချင်းဆက်ဆံသော အမျိုးသားများတွင်သာ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သော အခြေအနေရှိသည် မဟုတ်ပါ။ မည်သူမဆို ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံမိသူတိုင်း ရောဂါဖြစ်နိုင်ခြေရှိပါသည်။ မျောက်ကျောက်ရောဂါ လက္ခဏာခံစားရသော မည်သူမဆို ကျန်းမာရေးဝန်ထမ်းများထံတွင် အလျင်အမြန် အကြံဉာဏ်ရယူပါ။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ အမျိုးသားခြင်း လိင်တူဆက်ဆံပါက မျောက်ကျောက်ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများသပါလား မျောက်ကျောက်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ အနီးကပ် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ လိင်မှုပိုင်းဆိုင်ရာ တက်ကြွနေသူများ သို့မဟုတ် လိင်တူဆက်ဆံသော အမျိုးသားများတွင်သာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပေါနိုင်ခြေရှိသည် မဟုတ်ပါ။ ရောဂါပိုးရှိသူနှင့်ထိတွေ့မိသူတိုင်း ရောဂါဖြစ် ပွားနိုင်သော အန္တရာယ်ရှိပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်နိုင်ချေရှိသော ရောဂါလက္ခဏာရှိသူတိုင်း ကျန်းမာရေးဝန်ထမ်းများထံမှ ချက်ချင်း အကြံဉာဏ်ရယူသင့်ပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်ပွားသောရပ်ရွာနှင့်အဆက်အစပ်ရှိသော လူများအနေဖြင့်လည်း အလားတူပင် ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ရယူသင့်ပါသည်။ ရောဂါဖြစ်ပွားမှု များပြားခြင်းမရှိသော နိုင်ငံများတွင် ရောဂါခံစားရသူအမြောက်အမြားသည် လိင်တူဆက်ဆံသော အမျိုးသားများဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့ကို လိင်မှုဆိုင်ရာကျန်းမာရေး ဆေးပေးခန်းများတွင် တွေ့ရှိရခြင်းဖြစ်ပါသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားနေမှုများကို လိင်တူဆက်ဆံသော အမျိုးသားများအသိုင်းအဝိုင်းတွင် ပိုမိုကြားသိနေရသည့်ဖြစ်နိုင်သော အကြောင်းရင်းတစ်ခုမှာ အဆိုပါလူအုပ်စုတွင် ရောဂါဖြစ်ပါက ကျန်းမာရေးဝန်ဆောင်မှု ရှာဖွေရယူတတ်သည့် ကောင်းမွန်သော အပြုအမူရှိခြင်းကြောင့်ဖြစ်နိုင်ပါသည်။ မျောက်ကျောက်ရောဂါကြောင့်ဖြစ်ပွားသော အနီကွက်အဖုများသည် ရေယုန်နှင့် ကာလသားရောဂါ အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါအချို့နှင့် ဆင်တူနိုင်ပါသည်။ ထို့ကြောင့် မျောက်ကျောက်ရောဂါများကို လိင်မှုဆိုင်ရာကျန်းမာရေးဆေးခန်းများတွင် တွေ့ရှိနေကြခြင်းလည်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤရောဂါအကြောင်းကို ပိုမိုလေ့လာသိရှိလာမည်ဆိုလျှင် အများပြည်သူကြားတွင် ထိုရောဂါဖြစ်ပွားမှုများကို ပိုမို ဖော်ထုတ်နိုင်ဖွယ်ရှိပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်သော ကဲ့ရဲ့အပြစ်တင်၍ နှိမ်ချဆက်ဆံသည့်သတင်းများကို ကမ္ဘာ့ကျန်းမားရေးအဖွဲ့မှ မည်သို့တုံ့ပြန်လိုပါသလဲ? မျောက်ကျောက်ရောဂါ အစုလိုက် အပြုံလိုက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ လူအုပ်စုတစ်ချို့တို့ကို နှိမ်ချ ဆက်ဆံသည့်သတင်းများ၊ ပြောဆိုမှုများကို မြင်တွေ့နေရပါသည်။ ထိုသတင်းများသည် မှန်ကန်မှု လုံးဝ မရှိပါ။ ပထမဆုံးအချက်အနေနှင့် မျောက်ကျောက်ရောဂါရှိသူနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့ ဆက်ဆံဖူးသူတိုင်းသည် ရောဂါကူးစက်နိုင်ခြေရှိပါသည်။ ထိုသူက မည်သူမည်ဝါဖြစ်သည်၊ ဘာလုပ်ကိုင်သည်၊ မည်သူနှင့်လိင်ဆက်ဆံသူဖြစ်သည် စသည့်အချက်အလက်များနှင့် ရောဂါဖြစ်ခြင်းတို့မှာ ဆက်စပ်ခြင်း လုံးဝ မရှိပါ။ ဒုတိယအနေနှင့် မကျန်းမာသောအခြေအနေတစ်ခုကြောင့် သို့မဟုတ် ရောဂါတစ်ခုခုကြောင့် လူများကို ကဲ့ရဲ့အပြစ်တင်၍ နှိမ်ချဆက်ဆံခြင်း၊ ပစ်ပါယ်ထားခြင်းများသည် လက်သင့်ခံထိုက်သော အခြေအနေမဟုတ်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် အခြေအနေများကို ပိုမိုဆိုးရွားစေပြီး၊ ရောဂါပျံ့ပွားမှု အမြန်အဆုံးသတ်ရန်ကိုလည်း အဆီးအတားဖြစ်စေပါသည်။ ရောဂါပိုးကူးစက်ခြင်းခံရသူ သို့မဟုတ် ရောဂါသည်များကို ပြုစုစောင့်ရှောက်ပေးနေသော မည်သူကိုမဆို ပံ့ပိုးကူညီရန် ကျွန်ုပ်တို့အားလုံး အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။ ဤရောဂါကို မည်သို့တားဆီးရမည်၊ မိမိကိုယ်နှင့် အခြားသူများကို ရောဂါကူးစက်ခြင်းမှ မည်သို့ကာကွယ်ရမည်ကို ကျွန်ုပ်တို့ သိရှိပြီးဖြစ်ပါသည်။ ကဲ့ရဲ့အပြစ်တင်၍ နှိမ်ချဆက်ဆံခြင်း၊ ပစ်ပါယ်ထားခြင်းများသည် မည်သည့်အခါမျှ အဆင်မပြေသကဲ့သို့ ဤရောဂါဖြစ်ပွားပျံ့နှံ့မှုတွင်လည်း အဆင်ပြေစေမည်မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၄ ဤရောဂါကို ဘာကြောင့် မျောက်ကျောက်ရောဂါဟု ခေါ်ဆိုတာပါလဲ? ၁၉၅၈ ခုနှစ်တွင် သုတေသနပြုလုပ်ရန် သိမ်းဆည်းထားသည့် မျောက်အုပ်စုများတွင် ပထမဆုံးတွေ့ရှိခဲ့သည့်အတွက် မျောက်ကျောက်ရောဂါဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ၎င်းကို ၁၉၇၀ ပြည့်နှစ်များတွင် လူသားများ၌ စတင်တွေ့ရှိခဲ့ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ လက္ခဏာများ ၃ အကြောင်းရင်းများ ၄ ဖြစ်နိုင်ခြေများ ၅ အဖြေရှာခြင်း နှင့် ကုသမှု ၆ အတူယှဉ်တွဲနေထိုင်မှု ၇ ရှေးဦးပြုစုနည်းပညာ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE VOLUNTEER AWARENESS PLAN ကြက်ခြေနီတပ်ဖွဲ့ဝင်အသိပညာပေး အစီအစဉ် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ လက္ခဏာများ ၃ အကြောင်းရင်းများ ၄ ဖြစ်နိုင်ခြေများ ၅ အဖြေရှာခြင်း နှင့် ကုသမှု ၆ အတူယှဉ်တွဲနေထိုင်မှု ၇ ရှေးဦးပြုစုနည်းပညာ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE VOLUNTEER AWARENESS PLAN ကြက်ခြေနီတပ်ဖွဲ့ဝင်အသိပညာပေး အစီအစဉ် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ

၆ အတူယှဉ်တွဲနေထိုင်မှု Cholera ( ကာလဝမ်းရောဂါ) ဖြစ်ပွားနေသူနှင့် ဘယ်လိုအတူယှဉ်တွဲနေထိုင်သင့်ပါသလဲ တစ်ကိုယ်ရည်သန့်ရှင်းရေး - မိမိနှင့် သူနာ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ အသုံးအဆောင်ပစ္စည်းများသီးသန့်ထားရေး - - မိမိနှင့် သူနာ၏ အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားပါ။ အညစ်အကြေးများစနစ်တကျစွန့်ပစ်/ပိုးသတ်ခြင်း - သူနာ၏ အညစ်အကြေးများကို သေချာစွာ ဆေးကြောသန့်စင်၍ ပိုးသတ်ပြီးမှ ထပ်မံ ဆေးကြောသန့်စင်ပါ။ အညစ်အကြေးများကို စနစ်တကျလုံခြုံစွာ ထုတ်ပိုးပြီးမှ သီးခြားစွန့်ပစ်ပါ။ လက်ကို စနစ်တကျစင်ကြယ်အောင်ဆေးကြောခြင်း - မိမိ၏ လက်ကို အစာမစားခင်၊ အစာစားပြီး၊ အိမ်သာမသွားခင် နှင့် အိမ်သာသွားပြီးပါက စနစ်တကျဆေးကြောပါ။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၁ အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ လက္ခဏာများ ၃ အကြောင်းရင်းများ ၄ ဖြစ်နိုင်ခြေများ ၅ အဖြေရှာခြင်း နှင့် ကုသမှု ၆ အတူယှဉ်တွဲနေထိုင်မှု ၇ ရှေးဦးပြုစုနည်းပညာ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE VOLUNTEER AWARENESS PLAN ကြက်ခြေနီတပ်ဖွဲ့ဝင်အသိပညာပေး အစီအစဉ် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ

၇ ရှေးဦးပြုစုနည်းပညာ Cholera ( ကာလဝမ်းရောဂါ) ကို ဘယ်လိုရှေးဦးပြုစုပါသလဲ ရေဓါတ်ပြန်ဖြည့်ခြင်း - ဓါတ်ဆားရည်ဖြင့် ကိုယ်ခန္ဓာကဆုံးရှုံးသွားသော ရေနှင့်ဆားဓါတ်ကို ပြန်ဖြည့်နိုင်ပါသည်။ စိတ်ခွန်အားမြှင့်တင်ပေးခြင်း - သူနာ၏ ( Psychosocial Support) စိတ်ခွန်အားမြှင့်တင်ပေးဖြင့် လျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းကို အထောက်အကူပြုနိုင်ပါသည်။ စနစ်တကျသန့်ရှင်းရေးလုပ်ပေးခြင်း - သူနာ၏ အိပ်ရာ၊ သွားသည်လမ်းကြောင်း၊ အိမ်သာ၊ ရေချိုးခန်း စသည်တို့ကို စနစ်တကျသန့်ရှင်းပိုးသတ်ပေးခြင်းဖြင့် ထပ်မံကူးစက်မှုကို ကာကွယ်ပေးနိုင်ပါသည်။ အိပ်ရာကို စနစ်တကျပြင်ဆင်ပေးခြင်း - သူနာ၏ အိပ်ရာကို လေဝင်/ထွက်ကောင်းခြင်း၊ ဘယ်/ညာ ဝင်ထွက်နိုင်ခြင်း၊ ခါးအောက်ပိုင်းတွင် ပလပ်စတစ်ပိုင်းအခင်းပေးခြင်း၊ အလင်းရောင် ကောင်းစွာရရှိခြင်း၊ စသည့်အချက်များကို အခြေခံ၍ အိပ်ရာကို နေရာချထားပေးခြင်းဖြင့် ပြုစုရာတွင် လွယ်ကူနိုင်ပါသည်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

၇ ရှေးဦးပြုစုနည်းပညာ ပြုစုသူများ သတိရှိရမည့်အချက်များ Face Mask - အနံ့အသက်များ လျော့ပါးစေရန်အတွက်။ Hand Glove - ခွဲစိတ်ခန်းသုံးလက်အိတ် (ဖြစ်နိုင်လျှင် ရာဘာလက်အိတ်အရှည်)၊ ကိုင်တွယ်ရာတွင် လုံခြုံမှုရှိစေရန်အတွက်။ Hand Wash - လက်အိတ်မဝတ်ခင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးပါ၊ လက်အိတ်ချွတ်ပြီးလျှင်လည်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာထပ်မံဆေးပါ။ Self-control - ပြုစုသူသည် မိမိ၏ Emotion, Stress, Pressure, Mental and Physical Constrain ( စိတ်ခံစားမှု၊ ဖိစီးမှု၊ ဖိအား၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်မှု ) များ အတွက် ကြိုတင်ပြင်ဆင်ထိမ်းသိမ်းရန်။ VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ ့ ဗိုလ်တထောင်မြို့နယ ် ၊ ဗိုလ်တထောင်ခရိုင ်၊ ရန်ကုန်တိုင်းဒေသကြီး ။ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံး [email protected]

မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ မျောက်ကျောက်ရောဂါအသိပညာ Source: https://www.who.int/myanmar/ emergencies/ mpox VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE

မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ ကာလဝမ်းရောဂါအသိပညာ ပြီးပါပြီ ကျေးဇူးတင်လျှက် VOLUNTEER AWARENESS SERIES MYANMAR RED CROSS BRIGADE
Tags